အောင်ချိမ့်
နေရတာ
ပျော်စရာကောင်းပါတယ်။
တောအထပ်ထပ်
တောင်အထပ်ထပ်လို
ဆောင်းအထပ်ထပ် နွေအထပ်ထပ်
မိုးအထပ်ထပ်မှာ
အံကစားပွဲ ‘ရှုံးကြေးသင့်သူ’ လို
နေရတာ
ပျော်စရာကောင်းပါတယ်။
‘ဂွင်းနက်’ စံချိန်တင်နိုင်ရန်
မြွေများကင်းများနဲ့ တစ်ခန်းထဲအတူတူ
နေရသလိုပဲ ငါ့ အဖြစ်ဟာ
နေရတာ
ပျော်စရာကောင်းပါတယ်။
သူ့အောင်မြင်မှုနဲ့ ငါ့ကို နှုတ်ဆက်ရာ
သူ့ကိုယ်နံ့ ငါမကြိုက်လို့ ငါ မုန့်ငတ်ခဲ့
နေရတာ
ပျော်စရာကောင်းပါတယ်။
အနုပညာတစ်ပုဒ်
အနုပညာတစ်ရပ်ဟာ ရတောင့်ရခဲပဲ
နေရတာ
ပျော်စရာကောင်းပါတယ်။
အလျော အပျက် အကြား အစပ်များသဖြင့်
ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဝေးခဲ့ကြ
နေရတာ
ပျော်စရာကောင်းပါတယ်။
အပိုင်ရန်လိုခံရ၍
ငါဟာ ရန်သူရရှိခဲ့ပြန်ရာ
နေရတာ
ပျော်စရာကောင်းပါတယ်။
ငါ့ဒီကဗျာ ရေးဖွဲ့ခဲ့ရာ
ဒီနေ့ ဒီအချိန် ဒီနာရီ ဒီမိနစ်
နေရတာ
ပျော်စရာကောင်းပါတယ်။
Wednesday, April 22, 2009
Subscribe to:
Post Comments (Atom)

အနုပညာတစ်ပုဒ်
ReplyDeleteအနုပညာတစ်ရပ်ဟာ ရတောင့်ရခဲပဲ
နေရတာ
ပျော်စရာကောင်းပါတယ်။
မိုက်တယ်နော်ကိုစိုးငယ်။ ရှယ်ပဲ။ ဟုတ်ပ
နေရတာပျော်စရာကောင်းပါတယ်။ (ဖြေတွေး)