အောင်ချိမ့်
ငါ စကားလုံးတွေ ရွေးလာတယ်
ငါ ပြေပျောက်ဖို့
မင်း သက်သာဖို့။
ငါ့ခြေတစ်လှမ်းတိုင်း တစ်လှမ်းတိုင်း
ရှေ့တိုးလို့မရ
ရှေးပျို့များ
ရတုဘုရင်၏ ရတုများ ထစ်
ငါ့တို့ ထစ်, ထစ်
ထစ်, ထစ် ပြန်ဖတ်နေသလိုပဲ။
ပန်းသီးကိုစတွေ့ခဲ့တဲ့ လူနှစ်ယောက်မှ
ကုလားရုပ်ရှင်မှာ
ဟောလီးဝုဒ်ရုပ်ရှင်မှာ
သန်းများစွာ သီချင်းဓာတ်ပြားမှာ
CNN သတင်းမှာ
သမိုင်းမှာ
ရှင်းနေတာကို ရှင်းအောင်ပြောမဖြစ်လို့
ပြောလို့ဖြစ်တာ ပြောနေရတဲ့ ကမ္ဘာကြီး။
ငါဟာ ဖီလိုဆိုဖာ မဟုတ်ပါဘူး
အချစ်ဟာ မုန်လာဥနီပဲ။
Wednesday, May 6, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment