အောင်ချိမ့်
နေရတာ
ပျော်စရာကောင်းပါတယ်။
တောအထပ်ထပ်
တောင်အထပ်ထပ်လို
ဆောင်းအထပ်ထပ် နွေအထပ်ထပ်
မိုးအထပ်ထပ်မှာ
အံကစားပွဲ ‘ရှုံးကြေးသင့်သူ’ လို
နေရတာ
ပျော်စရာကောင်းပါတယ်။
‘ဂွင်းနက်’ စံချိန်တင်နိုင်ရန်
မြွေများကင်းများနဲ့ တစ်ခန်းထဲအတူတူ
နေရသလိုပဲ ငါ့ အဖြစ်ဟာ
နေရတာ
ပျော်စရာကောင်းပါတယ်။
သူ့အောင်မြင်မှုနဲ့ ငါ့ကို နှုတ်ဆက်ရာ
သူ့ကိုယ်နံ့ ငါမကြိုက်လို့ ငါ မုန့်ငတ်ခဲ့
နေရတာ
ပျော်စရာကောင်းပါတယ်။
အနုပညာတစ်ပုဒ်
အနုပညာတစ်ရပ်ဟာ ရတောင့်ရခဲပဲ
နေရတာ
ပျော်စရာကောင်းပါတယ်။
အလျော အပျက် အကြား အစပ်များသဖြင့်
ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဝေးခဲ့ကြ
နေရတာ
ပျော်စရာကောင်းပါတယ်။
အပိုင်ရန်လိုခံရ၍
ငါဟာ ရန်သူရရှိခဲ့ပြန်ရာ
နေရတာ
ပျော်စရာကောင်းပါတယ်။
ငါ့ဒီကဗျာ ရေးဖွဲ့ခဲ့ရာ
ဒီနေ့ ဒီအချိန် ဒီနာရီ ဒီမိနစ်
နေရတာ
ပျော်စရာကောင်းပါတယ်။
Wednesday, April 22, 2009
Sunday, April 19, 2009
အသည်းစွဲ ကဗျာဆရာ ၆
အောင်ချိမ့်
ဗိုလ်အောင်ကျော်လမ်းမှာ သစ်ပင်အကြီးကြီးတွေ
သစ်ရွက်ကြွေ ဖွေးဖွေးတွေ
ငါတို့တွေ
ကားတွေ။
ခေတ်တွေ၊ ကောင်မလေးတွေ
မဖြစ်နိုင်တာတွေ
တီထွင်ဘာသာစကားတွေ
ငွေတွေ။
ပြီး။ မိုးရာသီတွေ၊ ဆောင်းရာသီတွေ
နွေရာသီတွေ၊ ပန်းတွေ။
ပြီး။ စာအုပ်တွေ၊ ၀တ္ထုတွေ
ရုပ်ရှင်ပဒေသာတွေ၊ ရှုမ၀တွေ၊ သွေးသောက်တွေ
မြ၀တီတွေ၊ ငွေတာရီတွေ၊ မိုးဝေတွေ။
ပြီး။ လက်ဖက်ရည်တွေ၊ အရက်တွေ
ဖိနပ်တွေ၊ ခြေသည်းလက်သည်း လှီးခုံလေးတွေ။
၂၂ ရက်နေ့ ရောက်ပြန်တာတွေ
၂၃ ရက်နေ့ ရောက်ပြန်တာတွေ။
ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’ ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’
‘ငါ ဘယ်မှာလဲဟေ့’
ငါ့ဘာသာ ပုန်းတမ်းကစားတာတွေ။
တာဝှာ၊ အီကော်နောမစ်
စထရင်း ဟိုတယ်တွေ။
ဝါဇီ၊ ရွှေကြည်အေး၊ ရွှေလမင်း
ပြည်သူ့မုန့်တိုက် မရှိတော့။
ဗိုလ်အောင်ကျော်လမ်းမှာ သစ်ပင်အကြီးကြီးတွေ
သစ်ရွက်ကြွေ ဖွေးဖွေးတွေ
ငါတို့တွေ
ကားတွေ။
ခေတ်တွေ၊ ကောင်မလေးတွေ
မဖြစ်နိုင်တာတွေ
တီထွင်ဘာသာစကားတွေ
ငွေတွေ။
ပြီး။ မိုးရာသီတွေ၊ ဆောင်းရာသီတွေ
နွေရာသီတွေ၊ ပန်းတွေ။
ပြီး။ စာအုပ်တွေ၊ ၀တ္ထုတွေ
ရုပ်ရှင်ပဒေသာတွေ၊ ရှုမ၀တွေ၊ သွေးသောက်တွေ
မြ၀တီတွေ၊ ငွေတာရီတွေ၊ မိုးဝေတွေ။
ပြီး။ လက်ဖက်ရည်တွေ၊ အရက်တွေ
ဖိနပ်တွေ၊ ခြေသည်းလက်သည်း လှီးခုံလေးတွေ။
၂၂ ရက်နေ့ ရောက်ပြန်တာတွေ
၂၃ ရက်နေ့ ရောက်ပြန်တာတွေ။
ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’ ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’
‘ငါ ဘယ်မှာလဲဟေ့’
ငါ့ဘာသာ ပုန်းတမ်းကစားတာတွေ။
တာဝှာ၊ အီကော်နောမစ်
စထရင်း ဟိုတယ်တွေ။
ဝါဇီ၊ ရွှေကြည်အေး၊ ရွှေလမင်း
ပြည်သူ့မုန့်တိုက် မရှိတော့။
Labels:
poem
Friday, April 17, 2009
Thursday, April 16, 2009
အသည်းစွဲ ကဗျာဆရာ ၅
အောင်ချိမ့်
သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။
ဒါကြောင့်မို့ ငါဟာ ဒေ၀ဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။
ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ။
ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။
ငါ့မှာ
ဘုရား တားမြစ်တဲ့အရာကို
ငွေမရ ရွှေမရ
ချစ်ခဲ့ရ။
သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။
ဒါကြောင့်မို့ ငါဟာ ဒေ၀ဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။
ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ။
ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။
ငါ့မှာ
ဘုရား တားမြစ်တဲ့အရာကို
ငွေမရ ရွှေမရ
ချစ်ခဲ့ရ။
Labels:
poem
Wednesday, April 15, 2009
အသည်းစွဲ ကဗျာဆရာ ၎
အောင်ချိမ့်
လမ်းထိပ်ကွမ်းယာဆိုင်က
သကြားလုံးဟာချိုတယ်။
ဂျယ်ရီလူးဝစ္စနဲ့
သန်းနွဲ့ ရယ်ရတယ်။
‘ဂျွန်လ၏ မိုးရေများ’ .. မှ
အဲဒီလူတွေက ကျွန်တော်တို့ကို ရယ်စရာတွေ လုပ်ပြတယ်
ကျွန်တော်တို့က ရယ်ရမှာ အားနာတယ်
အားနာနာနဲ့ ကျွန်တော်တို့ ရယ်ပါတယ်
ရယ်ပြီးတော့ ကျွန်တော်တို့ စိတ်ညစ်တယ်။
တစ်ဆိတ် ကျွန်တော်ပြောတာ ယုံစေချင်ပါတယ်
ကျွန်တော်တို့လည်း ပေါ့ပါးသွားအောင် တကယ်ရယ်ချင်ပါတယ်။
လမ်းထိပ်ကွမ်းယာဆိုင်က
သကြားလုံးဟာချိုတယ်။
ဂျယ်ရီလူးဝစ္စနဲ့
သန်းနွဲ့ ရယ်ရတယ်။
‘ဂျွန်လ၏ မိုးရေများ’ .. မှ
အဲဒီလူတွေက ကျွန်တော်တို့ကို ရယ်စရာတွေ လုပ်ပြတယ်
ကျွန်တော်တို့က ရယ်ရမှာ အားနာတယ်
အားနာနာနဲ့ ကျွန်တော်တို့ ရယ်ပါတယ်
ရယ်ပြီးတော့ ကျွန်တော်တို့ စိတ်ညစ်တယ်။
တစ်ဆိတ် ကျွန်တော်ပြောတာ ယုံစေချင်ပါတယ်
ကျွန်တော်တို့လည်း ပေါ့ပါးသွားအောင် တကယ်ရယ်ချင်ပါတယ်။
Tuesday, April 14, 2009
သင်္ကြန်အလွမ်း…

ဘာလိုလိုနဲ့ နှစ်ကူးအတာသင်္ကြန်တောင် ရောက်လာပါပေါ့… ကိုယ့်မြေ ကိုယ့်ရေမှာ အတာသင်္ကြန်နဲ့ မဆုံရတာတောင် ၆ နှစ်ရှိပြီ… တကယ့်တကယ်တမ်း သင်္ကြန်တွေမှာ မပျော်ဖြစ်တာလည်း ကြာပါပြီ။ နောက်ဆုံးကြုံခဲ့ရတဲ့ ကိုယ့်မွေးရပ်မြေ သင်္ကြန်မှာတောင်မှ ဘယ်မှ ဟုတ်တိပတ်တိ သွားဖြစ်ခဲ့တာမှ မဟုတ်ဘဲ။ အိမ်မှာပဲ အေးအေးဆေးဆေးနေ၊ လာတဲ့ သူငယ်ချင်း ညီအစ်ကိုတချို့နဲ့ ၀ိုင်းဖွဲ့၊ စကားပြော၊ အဲဒီလောက်ပါပဲ။ ဒါပေမယ့် သင်္ကြန်က ကိုယ့်အတွက် အမှတ်တရတွေ ရှိနေခဲ့တာတော့ အသေအချာပဲ။ ပထမဆုံး သူငယ်ချင်းတွေနဲ့ စုပြီး လည်ခဲ့တဲ့နှစ်က (၁၉၉၀-၁၉၉၁ လောက်ကဖြစ်မယ်ထင်တယ်) ရန်ကင်း ၁၂ လုံးတန်းဘက်အရောက် ကိုယ်တို့ကားကို ခြေထောက်နဲ့လှမ်းတားလို့ ပြဿနာတက်ခဲ့ရာက သင်္ကြန်ဆိုရင် လည်ဖို့ ကြောက်သွားတဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ပိုင်းနှစ်တွေကတော့ တယောက်ယောက်က ကားနဲ့ကြုံလို့ ၀င်ခေါ်ရင်း ခဏတဖြုတ် လိုက်လည်ဖြစ်တာကလွဲလို့ ဟုတ်တိပတ်တိ မဆင်နွှဲဖြစ်တော့ဘူး။ အများအားဖြင့် အိမ်မှာပဲ နေဖြစ်ခဲ့တော့တယ်။
အမှတ်တရအဖြစ်ဆုံးကတော့ ၂၀၀၅ သင်္ကြန်ပေါ့။ မဲဆောက်မှာ ကိုယ်နဲ့ကိုယ့်ချစ်ဇနီးလေးတို့ လက်မှတ်ထိုးပွဲ လုပ်ဖြစ်ခဲ့တယ်၊ သင်္ကြန်အကြိုနေ့ကြီး။ နီးစပ်ရာ ခင်မင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတစုနဲ့ ပွဲလေးတခု ဖန်တီးဖြစ်ခဲ့တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ မဲဆောက်ရေပူစမ်း၊ ရေတံခွန် သွားလည်ဖြစ်ခဲ့တယ်။ ဒီဘက်နှစ်တွေမှာတော့ ကိုယ့်အတွက် အပျော်ဆုံးဖြစ်ခဲ့ရတဲ့ နှစ်တနှစ်ပါပဲ။
ဒီနှစ်တော့လည်း ထူးထူးခြားခြား သင်္ကြန်မှာ အလွမ်းပိုနေမိတယ်။ အမိမြေကို လွမ်းသလိုလို၊ ပြန်ချင်သလိုလိုနဲ့ ခံစားချက်တမျိုး ဖြစ်နေမိတယ်။ ရောက်နေတဲ့နေရာကလည်း သင်္ကြန်အငွေ့အသက်နဲ့ အတော်လေးကင်းဝေးတဲ့ နေရာမို့လားတော့ မပြောတတ်ဘူး။ ကိုယ့်သက်တမ်းတလျှောက်တော့ သင်္ကြန်အငွေ့အသက်နဲ့ဝေးပြီး နေရတဲ့ ပထမဆုံးနှစ်တနှစ်ပါပဲ။ ပြီးခဲ့တဲ့ တနင်္ဂနွေက ဒီမှာရှိတဲ့ မြန်မာတွေစုပြီး သင်္ကြန်ပွဲ ကျင်းပတာတော့ ရှိပါတယ်။ နောက် ဒီက ဘုန်းကြီးကျောင်းတွေမှာလည်း သင်္ကြန်ပွဲ လုပ်ကြတယ်တဲ့။ ကိုယ်ကတော့ မသွားဖြစ်တော့ပါဘူး။ ဇနီးသည်လေး ကိုယ်ဝန်ရင့်လာတာလည်း ပါတာပေါ့။ နင့်မို့ လူကြားထဲသွားရင်း မတော် တိုက်မိပြုမိရင် ခက်ရချည့်ရဲ့ဆိုပြီး အိမ်မှာပဲ နှစ်ယောက်သား နားနားနေနေ နေမိတော့တယ်။ ဘာပဲဖြစ်ဖြစ်လေ တနှစ်မှ တခါသာကြုံရတဲ့ ကိုယ့် ရိုးရာပွဲဆိုတော့လည်း လွမ်းဆွတ်တမ်းတတဲ့စိတ်က ဖြစ်မိတာပါပဲ။
Thursday, April 9, 2009
သားအတွက် မေတ္တာနဲ့ရေးတဲ့ကဗျာ
သားရေ
ယဉ်ကျေးတဲ့လူ့ဘောင်မှာ
လူတယောက်က လူတယောက်ကို
ရိုက်နှက်မှုမရှိစေရဘူး
ထိုးကြိတ်ကန်ကျောက်မှု မရှိစေရဘူး
နှိပ်စက်ညှဉ်းပန်းမှုမရှိစေရဘူး
သွေးထွက်သံယို သတ်ဖြတ်တယ်ဆိုတာကတော့
ဝေလာဝေးပေါ့ကွယ်
လူတယောက်က လူတယောက်ကို
နားလည်လက်ခံလာအောင်
ဆွေးနွေးပြောဆိုလို့ရတယ်
ညှိနှိုင်းတိုင်ပင်လို့ရတယ်
ဖျောင်းဖျနားချလို့ရတယ်
နာလိုခံသာတဲ့စကားတွေနဲ့
စည်းရုံးသိမ်းသွင်းလို့ရတယ်
တယောက်ကိုတယောက်
မေတ္တာနဲ့ဆက်ဆံတာ အကောင်းဆုံးပေါ့ သားရယ်
တယောက်နဲ့တယောက်
အပေးအယူမျှမျှ
အပြန်အလှန်လေးစားမှု
တန်းတူညီမျှမှု
နားလည်ယုံကြည်မှုရှိဖို့တော့ လိုတာပေါ့ကွယ်
သားရေ
ဖေဖေတို့ကမ္ဘာလေးကို
ယဉ်ကျေးတဲ့လူ့ဘောင်လေးဖြစ်အောင်
တည်ဆောက်ကြည့်ကြပါစို့ကွယ်………။
ဘာရယ်မဟုတ် မိဘတွေက သားသမီးတွေကို ရိုက်နှက်ဆုံးမတဲ့ကိစ္စနဲ့ပတ်သက်ပြီး အတွေးတစ ခေါင်းထဲဝင်လာရင်းနဲ့ ရေးမိတဲ့ကဗျာလေးပါ။ အမိမြေကလွဲလို့ ကျနော်နေခဲ့ဖူးတဲ့ အရှေ့တောင်အာရှထဲက ထိုင်းနိုင်ငံနဲ့ အခုနေနေတဲ့ စင်ကာပူမှာတောင် ကလေးတွေကို ရိုက်နှက်ဆုံးမတဲ့မြင်ကွင်းမျိုး မမြင်တွေ့ရသလောက် ရှားပါးပါတယ်။ ကျနော်တို့အမိမြေမှာတော့ ကလေးတွေကို ရိုက်နှက်ဆုံးမတယ်ဆိုတာ ဘာမှ မထူးဆန်းတဲ့၊ ရိုးအီနေတဲ့ ပုံစံအဖြစ် အခုထက်ထိ မြင်တွေ့နေရတုန်းပါပဲ။ ကလေးတွေကို ရိုက်နှက်ဆုံးမဖို့ လိုအပ်ပါသလား၊ ရိုက်နှက်ဆုံးမလိုက်တော့ရော အဲဒီကလေးတွေက တကယ်ပဲ ကောင်းသွားရောလား၊ ဘာမှ မသိနားမလည်ဘဲ မကြာခင် လူ့လောကကြီးထဲ ရောက်လာတော့မယ့် ကျနော့်ရဲ့ရင်သွေး သားလေးကို ဆိုရင်ရော ….. စသည်အားဖြင့် တွေးတောမိတာနဲ့ ရေးမိတာလေးပါ။
ယဉ်ကျေးတဲ့လူ့ဘောင်မှာ
လူတယောက်က လူတယောက်ကို
ရိုက်နှက်မှုမရှိစေရဘူး
ထိုးကြိတ်ကန်ကျောက်မှု မရှိစေရဘူး
နှိပ်စက်ညှဉ်းပန်းမှုမရှိစေရဘူး
သွေးထွက်သံယို သတ်ဖြတ်တယ်ဆိုတာကတော့
ဝေလာဝေးပေါ့ကွယ်
လူတယောက်က လူတယောက်ကို
နားလည်လက်ခံလာအောင်
ဆွေးနွေးပြောဆိုလို့ရတယ်
ညှိနှိုင်းတိုင်ပင်လို့ရတယ်
ဖျောင်းဖျနားချလို့ရတယ်
နာလိုခံသာတဲ့စကားတွေနဲ့
စည်းရုံးသိမ်းသွင်းလို့ရတယ်
တယောက်ကိုတယောက်
မေတ္တာနဲ့ဆက်ဆံတာ အကောင်းဆုံးပေါ့ သားရယ်
တယောက်နဲ့တယောက်
အပေးအယူမျှမျှ
အပြန်အလှန်လေးစားမှု
တန်းတူညီမျှမှု
နားလည်ယုံကြည်မှုရှိဖို့တော့ လိုတာပေါ့ကွယ်
သားရေ
ဖေဖေတို့ကမ္ဘာလေးကို
ယဉ်ကျေးတဲ့လူ့ဘောင်လေးဖြစ်အောင်
တည်ဆောက်ကြည့်ကြပါစို့ကွယ်………။
ဘာရယ်မဟုတ် မိဘတွေက သားသမီးတွေကို ရိုက်နှက်ဆုံးမတဲ့ကိစ္စနဲ့ပတ်သက်ပြီး အတွေးတစ ခေါင်းထဲဝင်လာရင်းနဲ့ ရေးမိတဲ့ကဗျာလေးပါ။ အမိမြေကလွဲလို့ ကျနော်နေခဲ့ဖူးတဲ့ အရှေ့တောင်အာရှထဲက ထိုင်းနိုင်ငံနဲ့ အခုနေနေတဲ့ စင်ကာပူမှာတောင် ကလေးတွေကို ရိုက်နှက်ဆုံးမတဲ့မြင်ကွင်းမျိုး မမြင်တွေ့ရသလောက် ရှားပါးပါတယ်။ ကျနော်တို့အမိမြေမှာတော့ ကလေးတွေကို ရိုက်နှက်ဆုံးမတယ်ဆိုတာ ဘာမှ မထူးဆန်းတဲ့၊ ရိုးအီနေတဲ့ ပုံစံအဖြစ် အခုထက်ထိ မြင်တွေ့နေရတုန်းပါပဲ။ ကလေးတွေကို ရိုက်နှက်ဆုံးမဖို့ လိုအပ်ပါသလား၊ ရိုက်နှက်ဆုံးမလိုက်တော့ရော အဲဒီကလေးတွေက တကယ်ပဲ ကောင်းသွားရောလား၊ ဘာမှ မသိနားမလည်ဘဲ မကြာခင် လူ့လောကကြီးထဲ ရောက်လာတော့မယ့် ကျနော့်ရဲ့ရင်သွေး သားလေးကို ဆိုရင်ရော ….. စသည်အားဖြင့် တွေးတောမိတာနဲ့ ရေးမိတာလေးပါ။
Labels:
poem
Wednesday, April 8, 2009
အသည်းစွဲ ကဗျာဆရာ ၃
အောင်ချိမ့်
ဒီမနက် ကမ္ဘာကြီးကို နားထောင်အပြီး
ငါ ကမ္ဘာကြီးထဲ ခုန်အဆင်းမှာပေါ့
မျက်နှာသစ်ရမယ်
သွားတိုက်ရမယ်။
သွားတိုက်ရမယ် ! ။
အဲဒီမှာ ..
ငါ ဆတ်ခနဲ ကျင်စက်ထိသလို
ငါခုပဲ အဲဒီပြကွက်ကို ပြန်ကြည့်ရသလို အမှတ်ရရ
သူမရဲ့ ‘သွားတိုက်ပုံ’ သရုပ်ဆောင်ပြကွက်ကလေး။
သူမဟာ
သွားတိုက်ခဲ့
သွားတိုက်ပြီး ပလုပ်ကျင်း
ပလုပ်ကျင်းပြီး ပလုပ်ကို
မြိုချလိုက်တယ်။
ပြီး။ သူမရဲ့ဓာတ်ပုံ
သူမရဲ့ KAWABATA MAMIKO ဆိုတဲ့အမည်
သူမရဲ့ ကောက်နုတ်ချက်
ငါ ဖတ်ရတယ်။
I am not an artist.
I am a .. worker တဲ့။
ဒီကဗျာဖတ်မိတဲ့မိတ်ဆွေ
ခင်ဗျား သွားတိုက်ပြီးပါပြီလား။
ဒီမနက် ကမ္ဘာကြီးကို နားထောင်အပြီး
ငါ ကမ္ဘာကြီးထဲ ခုန်အဆင်းမှာပေါ့
မျက်နှာသစ်ရမယ်
သွားတိုက်ရမယ်။
သွားတိုက်ရမယ် ! ။
အဲဒီမှာ ..
ငါ ဆတ်ခနဲ ကျင်စက်ထိသလို
ငါခုပဲ အဲဒီပြကွက်ကို ပြန်ကြည့်ရသလို အမှတ်ရရ
သူမရဲ့ ‘သွားတိုက်ပုံ’ သရုပ်ဆောင်ပြကွက်ကလေး။
သူမဟာ
သွားတိုက်ခဲ့
သွားတိုက်ပြီး ပလုပ်ကျင်း
ပလုပ်ကျင်းပြီး ပလုပ်ကို
မြိုချလိုက်တယ်။
ပြီး။ သူမရဲ့ဓာတ်ပုံ
သူမရဲ့ KAWABATA MAMIKO ဆိုတဲ့အမည်
သူမရဲ့ ကောက်နုတ်ချက်
ငါ ဖတ်ရတယ်။
I am not an artist.
I am a .. worker တဲ့။
ဒီကဗျာဖတ်မိတဲ့မိတ်ဆွေ
ခင်ဗျား သွားတိုက်ပြီးပါပြီလား။
Labels:
poem
Subscribe to:
Comments (Atom)

