အောင်ချိမ့်
လည်ပင်းကို တိုင်းတယ်
ရင်အုပ်ကို တိုင်းတယ်
ပခုံး၊ ခါး
လက်မောင်းကို တိုင်းတယ်။
လက်ကောက်ဝတ်ကို တိုင်းတယ်
အရှည်ကိုတိုင်းတယ်
‘ကော်တွန်နော်’ ‘ကြယ်သီး ၁၂ လုံးတပ်မယ်’
‘ကော်လာ ထောင်မယ်’။
အပ်ချုပ်ဆရာက
ပေကြိုးကို ပခုံးပေါ် ခွေတင်လိုက်တယ်။
ပြီးတော့
ငါ့ကို ရွှင်ရွှင်ပြုံးပြုံး ကြည့်တယ်။
အင်း။ ကဗျာကောင်းလေးတစ်ပုဒ်လောက် ရချင်လို့
အဲဒါ ..
အဲဒီအင်္ကျီဝတ်ပြီး
ကဗျာ စပ်မလို့။
Tuesday, March 31, 2009
Subscribe to:
Post Comments (Atom)

ပုလင်းကို ကြည့်တယ်
ReplyDeleteခွက်ကို ကြည့်တယ်
အချိုရည် ရေခဲ နဲ့ အမြည်းကို ကြည့်တယ်။
ဘဲပေါင်းကို ကြည့်တယ်
ခွက်ကို ထပ်ကြည့်တယ်
ဝီစကီနော် ရေခဲ နဲနဲ ထည့်မယ် Neat ကစ်မယ်။
စာဖိုမှူးက ပဲနှပ်ကို
စာပွဲပေါ်လှမ်းတင်လိုက်တယ်။
ပြီးတော့
စိတ်ပြတ်လက်ပြတ်နဲ့ ဘုကြည့်ကြည့်တယ် ။
အင်း တစ်ခါလောက်မူးရအောင်
အဲဒါ သူများကျွေးတာစားပြီး သောက်မလို့။
ရက် confirm လုပ်ပါ။
စိတ်အဆိုးနဲ့နော် နောက်တာ
ဟား ဟား ဟား ပြောင်မြောက်ပါပေ့ကွယ်။ ဂွတ်ဒ်ထ ဂွတ်ဒ်ထ၊ ဒါဖတ်ပြီး ချက်ချင်းတောင် ဘဲပေါင်း၊ ပဲနှပ်နဲ့ ၀ီစကီလေး သောက်ချင်စိတ် ပေါက်လာတယ်။ တကယ်ပါပဲဗျာ။
ReplyDelete