မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Wednesday, December 31, 2008

နှစ်သစ်အတွက် ကဗျာ
နှင်းငွေ့ငြိမ်း




…………………………
သောကဟူသမျှ
အိမ့်အပြင်ဘက်မှာ
အားလုံးထားခဲ့မယ်
…………………………
ဒီည …
ကိုတိုးကြီးရဲ့ သီချင်းတပိုင်းတစ
ငါသတိရမိတယ်။
ဒီည …
ရောင်စုံ မီးရှူးမီးပန်းတွေ ပစ်ဖောက်လို့
အသွေးအရောင်စုံလူတွေ
နေရာအနှံ့အပြား
ပျော်မြူးကြပေလိမ့်မယ်။
နောက်နေ့မိုးလင်းရင်
မြို့ကြီးရဲ့ နေရာအတော်များများ
အမှိုက်သရိုက်တွေနဲ့ပြန့်ကျဲလို့ …
သြော် …
ဒီလိုနဲ့ပဲ
တို့တွေ
တနှစ်တနှစ်
ဖြတ်သန်းခဲ့ကြပေါ့ …။
နှစ်သစ်မှာ
သောကတွေကို
အမှန်တကယ်ထားခဲ့နိုင်ကြပါစေ…။

No comments:

Post a Comment