မူလစာမျက်နှာ | နှစ်သက်မိသော ကဗျာများ

Thursday, December 18, 2008

ဒီဘလော့ဂ်လေးရဲ့ အစဖြစ်တည်ပုံနဲ့ စိတ်ကူး။


ကိုယ်တို့ဇနီးမောင်နှံရဲ့ ကမ္ဘာလေးထဲကို သားသားလေးလား၊ မီးမီးလေးလား မသိ၊ ရောက်လာတော့မယ်ဆိုတော့ အတိုင်းမသိ ကြည်နူးခဲ့ရတယ်။ ကိုယ့်ရင်ကဖြစ်တဲ့ ရင်သွေးဆိုတော့လည်း ဘာလေးပဲဖြစ်ဖြစ် ချစ်ရမှာပဲပေါ့လေ။ အဲဒီ ရင်နှစ်သည်းခြာလေးအတွက် ရည်ရွယ်ပြီးတော့ပဲ ဒီဘလော့ဂ်လေးကို လုပ်ဖြစ်ပါတယ်။
တချို့တွေကတော့ မေးကြတယ်၊ ဘာလေးလိုချင်လဲတဲ့။ ကိုယ်ဖြစ်ချင်တာကို ပြောခွင့်ရမယ်ဆိုရင်တော့ ကိုယ်က သားလေးလိုချင်တယ်။ ကိုယ်တို့အတွက် သားဦးလေးအဖြစ်ပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါ၊ သမီးလေးဆိုလည်း ကိုယ်က ချစ်မှာပါပဲ။ ကိုယ့်ချစ်ဇနီးလေးကတော့ သမီးလေးလိုချင်တယ်တဲ့။ အဲတော့ သားတယောက်၊ သမီးတယောက် အမြွှာလေးဖြစ်ရင် ကောင်းမှာပဲဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူးသေးတယ်။
ဒီဘလော့ဂ်လေးထဲမှာ ကိုယ့်ရဲ့ ရင်နှစ်သည်းခြာလေးကို ပြောပြဖို့စိတ်ကူးထားတဲ့ ကိုယ့်အတွေးလေးတွေကို အဓိကတင်ပြသွားမယ်လို့ စိတ်ကူးတယ်။ တခြား ကိုယ့် စိတ်ကူးစိတ်သန်းတချို့လည်း စိတ်ကူးလို့ရရင် ရသလို တင်ဖြစ်မှာပါပဲ။
အင်း… အခု ကိုယ်ဝန်က ၁၆ ပတ်ထဲမှာဆိုတော့ နောက်လထဲလောက်ဆို နည်းပညာတွေအရ သားသားလေးလား၊ မီးမီးလေးလား သိရလောက်ပြီ။ အခုထဲကကိုပဲ တွေးပြီး ရင်ခုန်နေမိတယ်၊ ဘာလေးဖြစ်မလဲပေါ့။ အဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။

No comments:

Post a Comment