Thursday, November 18, 2010
Tuesday, August 31, 2010
Wednesday, August 18, 2010
Monday, August 2, 2010
မလေးရှားရောက် သား အဂ္ဂ
မလေးရှားအသွား ကားပေါ်မှာ။
Genting မှာ ရောက်ပြီး လျှောက်လည်ဖို့ အ၀တ်အစားလဲနေတာ။
Genting မှာ လျှောက်လည်နေတဲ့ မေမေနဲ့ သားအဂ္ဂ။
ရောက်တုန်းရောက်ခိုက် ဆိုင်ကယ်စီးကြတယ်။
Genting ညနေခင်း ဖေကြီးနဲ့။
ဖေဖေ၊ မေမေတို့နဲ့ ချမ်းချမ်းစီးစီးထဲ ဓာတ်ပုံရိုက်ကြတယ်။
Genting က first world hotel ထဲ အမှတ်တရ။
KL မတက်ခင် Genting မနက်စောစော မြူတွေကြားထဲမှာ။
KL က တည်းခိုရာ Royal Chulan Hotel အခန်းထဲမှာ။
Royal Chulan Hotel အခန်းထဲမှာ အမှတ်တရ။
Royal Chulan Hotel အခန်းထဲမှာ အမှတ်တရ။
Hotel ထဲမှာ လျှောက်ဆော့နေတာ။
မလေးရှားရဲ့ နာမည်ကျော် Twin Tower မှာ။
KL မှာ လိုင်းကားစီးပြီးလည်း လျှောက်လည်တယ်။
သားသား စီးလို့ရတယ်ဆိုလို့ စမ်းပြီး စီးကြည့်နေတာ။
KL က Singapore အပြန် ကားပေါ်မှာ။

Genting ညနေခင်း ဖေကြီးနဲ့။
ဖေဖေ၊ မေမေတို့နဲ့ ချမ်းချမ်းစီးစီးထဲ ဓာတ်ပုံရိုက်ကြတယ်။
Genting က first world hotel ထဲ အမှတ်တရ။
KL မတက်ခင် Genting မနက်စောစော မြူတွေကြားထဲမှာ။
KL က တည်းခိုရာ Royal Chulan Hotel အခန်းထဲမှာ။
Royal Chulan Hotel အခန်းထဲမှာ အမှတ်တရ။
Royal Chulan Hotel အခန်းထဲမှာ အမှတ်တရ။
Hotel ထဲမှာ လျှောက်ဆော့နေတာ။
မလေးရှားရဲ့ နာမည်ကျော် Twin Tower မှာ။
KL မှာ လိုင်းကားစီးပြီးလည်း လျှောက်လည်တယ်။
သားသား စီးလို့ရတယ်ဆိုလို့ စမ်းပြီး စီးကြည့်နေတာ။
KL က Singapore အပြန် ကားပေါ်မှာ။
Thursday, May 6, 2010
တောင်အမေရိကကို သွားချင်တယ်
ကြည်မောင်သန်း
စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…
အောက်တိုဗီယိုပါ့ဇ်ရဲ့ ကဗျာတွေ၊
အက်ဆေးတွေကို သဘောကျလို့
ဂျော်ဂျီယာအိုကဖီးရဲ့
ပန်းချီကားတွေကို သဘောကျလို့
ကာလို့စ်ဆန်တားနားရဲ့
ဂစ်တာသံကို သဘောကျလို့…
စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…
ချေဂွေဗားရားကျဆုံးခဲ့တဲ့
ဘိုလီးဗီးယားတောတွင်းတစ်နေရာကို
သွားကြည့်ချင်တယ်
မက္ကဆီကိုစီးတီးက ကဖေးတစ်ခုမှာ
ဂါစီယားကွက်ဇ်နဲ့
အထီးကျန်နှစ်တစ်ရာအကြောင်း မေးကြည့်ချင်တယ်
ဗြူနိုအေရီမှာ မာရာဒိုနာနဲ့တွေ့ပြီး
လာမယ့် ကမ္ဘာ့ဖလားအကြောင်း
စကားကောင်းမယ်…
မက်ဒရစ်ရောက်ရင် နီရူဒါနေခဲ့တဲ့အိမ်ကို
လိုက်ရှာမယ်
ပြီးတော့… သူ့ရဲ့ကဗျာတွေ ပြန်ဖတ်မယ်
ဗင်နီဇွဲလားက ရေနံတွင်းအလုပ်သမားတွေနဲ့
ဗျစ်ရည်ခါးခါးကို အတူသောက်မယ်
ရီယိုမြို့က ကပွဲရုံတွေမှာ
ကချေသည်မတွေရဲ့ ဆမ်းဘားအကကြည့်မယ်
ပီရူးရွှေတွင်းက အလုပ်သမားကဗျာဆရာတွေနဲ့
ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း ဆွေးနွေးချင်တယ်
ရီယိုဒီဂျနေရိုက မူလတန်းကျောင်းတွေမှာ
ဘရာဇီးကလေးတွေ ဘောလုံးကစားတာ သွားကြည့်မယ်
ဟာဗားနားမှာ ဟာဗားနားဆေးပြင်းလိပ်ကိုခဲပြီး
ဂလိုရီယာအိစ်ဖန်းရဲ့ သီချင်းတွေနားထောင်မယ်…
စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…
ကိုလံဘီယာရောက်ရင် မာဖီးယားတွေကို
သေသွားတဲ့ သူငယ်ချင်းဆေးသမားတွေအကြောင်း ပြောပြမယ်…
စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…
ဂျနီဖာလိုပက်ဇ်ရေ…
ငါ့ကို လေယာဉ်လက်မှတ် မြန်မြန်ဝယ်ပို့လိုက်ပါတော့။
ဒီဇင်ဘာ ၂၀၀၅
ရနံ့သစ်
စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…
အောက်တိုဗီယိုပါ့ဇ်ရဲ့ ကဗျာတွေ၊
အက်ဆေးတွေကို သဘောကျလို့
ဂျော်ဂျီယာအိုကဖီးရဲ့
ပန်းချီကားတွေကို သဘောကျလို့
ကာလို့စ်ဆန်တားနားရဲ့
ဂစ်တာသံကို သဘောကျလို့…
စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…
ချေဂွေဗားရားကျဆုံးခဲ့တဲ့
ဘိုလီးဗီးယားတောတွင်းတစ်နေရာကို
သွားကြည့်ချင်တယ်
မက္ကဆီကိုစီးတီးက ကဖေးတစ်ခုမှာ
ဂါစီယားကွက်ဇ်နဲ့
အထီးကျန်နှစ်တစ်ရာအကြောင်း မေးကြည့်ချင်တယ်
ဗြူနိုအေရီမှာ မာရာဒိုနာနဲ့တွေ့ပြီး
လာမယ့် ကမ္ဘာ့ဖလားအကြောင်း
စကားကောင်းမယ်…
မက်ဒရစ်ရောက်ရင် နီရူဒါနေခဲ့တဲ့အိမ်ကို
လိုက်ရှာမယ်
ပြီးတော့… သူ့ရဲ့ကဗျာတွေ ပြန်ဖတ်မယ်
ဗင်နီဇွဲလားက ရေနံတွင်းအလုပ်သမားတွေနဲ့
ဗျစ်ရည်ခါးခါးကို အတူသောက်မယ်
ရီယိုမြို့က ကပွဲရုံတွေမှာ
ကချေသည်မတွေရဲ့ ဆမ်းဘားအကကြည့်မယ်
ပီရူးရွှေတွင်းက အလုပ်သမားကဗျာဆရာတွေနဲ့
ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်း ဆွေးနွေးချင်တယ်
ရီယိုဒီဂျနေရိုက မူလတန်းကျောင်းတွေမှာ
ဘရာဇီးကလေးတွေ ဘောလုံးကစားတာ သွားကြည့်မယ်
ဟာဗားနားမှာ ဟာဗားနားဆေးပြင်းလိပ်ကိုခဲပြီး
ဂလိုရီယာအိစ်ဖန်းရဲ့ သီချင်းတွေနားထောင်မယ်…
စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…
ကိုလံဘီယာရောက်ရင် မာဖီးယားတွေကို
သေသွားတဲ့ သူငယ်ချင်းဆေးသမားတွေအကြောင်း ပြောပြမယ်…
စပိန်စကား မတတ်ပေမယ့်
ပေါ်တူဂီစကား မတတ်ပေမယ့်
တောင်အမေရိကကို သွားချင်တယ်…
ဂျနီဖာလိုပက်ဇ်ရေ…
ငါ့ကို လေယာဉ်လက်မှတ် မြန်မြန်ဝယ်ပို့လိုက်ပါတော့။
ဒီဇင်ဘာ ၂၀၀၅
ရနံ့သစ်
Labels:
poem
Wednesday, April 28, 2010
၁၁ လ ပြည့်တော့မယ့် သားသားလေး
ရေချိုးပြီးလို့ သနပ်ခါး အဖွေးသားနဲ့

ရေချိုးခါနီး သားသားလေး

စင်ကာပူ ဆန်ဘာဝမ်း သင်္ကြန်ပွဲ သွားနွှဲမလို့

အဖေ့ကုလားထိုင်ပေါ်မှာ

East Coast မြက်ခင်းပြင်ပေါ်မှာ
ရေချိုးခါနီး သားသားလေး
စင်ကာပူ ဆန်ဘာဝမ်း သင်္ကြန်ပွဲ သွားနွှဲမလို့
အဖေ့ကုလားထိုင်ပေါ်မှာ
East Coast မြက်ခင်းပြင်ပေါ်မှာ
မနက်ဖြန်မှ ငါ့ကိုဖတ်ပါ
ကြည်မောင်သန်း
ဟောဒီ သက္ကရာဇ်တွေဟာ
ငါ မစားခဲ့ရတဲ့ စပျစ်သီးတွေပါပဲ
ဒါပေမယ့် ချဉ်တယ်လို့ ဘယ်တော့မှ မထင်ပါဘူး
အရေပြားပေါ်က ကိစ္စတွေနဲ့ပဲ ဗျာများနေတော့
အရေပြားအောက်ကို ရောက်အောင်မသွားမိဘူး
ပျက်ကျသွားတဲ့ကလေးတွေကို
နာမည်ပေးဖို့ကြိုးစားမိတာ ငါ့အမှားပါ။
ဖျော်သောက်မိတဲ့အချိန်တွေကလည်း
မချိုမြိန်ဘူး
ကျိန်စာတစ်ခုလို
လွင့်လာတဲ့ဘ၀တစ်ခုထဲမှာ
အရသာတစ်ခုခုပါလေမလား
ဒါလည်း မသေချာပြန်ဘူး
တစ်ယောက်က
မီးပြတိုက်ပေါ်က ခုန်ချမလို့တဲ့
တစ်ယောက်က
ပင်လယ်ကူးသင်္ဘောပေါ်မှာ တွင်းတူးပြီးမိုက်မလို့တဲ့
တစ်ယောက်က
မိန်းမတစ်ယောက်ကို ခရီးဦးကြိုလုပ်မလို့တဲ့
ခြေထောက်ကျိုးသွားလို့ အသတ်ခံရတော့မယ့်
မြင်းတစ်ကောင်ရဲ့ မျက်လုံးမျိုးနဲ့ ငါ့ကိုမကြည့်ပါနဲ့ကွာ
ဆံပင်တွေမီးလောင်တာကို
တံတွေးထွေးပြီး ငြိမ်းလို့မရပါဘူး
ခုတော့ စာအုပ်စင်ပေါ်မှာ ငြိမ်ကုပ်နေတဲ့
စာအုပ်တစ်အုပ်ဟာ ငါ။
ဧပြီ ၂၀၀၆
Beauty Max
ဟောဒီ သက္ကရာဇ်တွေဟာ
ငါ မစားခဲ့ရတဲ့ စပျစ်သီးတွေပါပဲ
ဒါပေမယ့် ချဉ်တယ်လို့ ဘယ်တော့မှ မထင်ပါဘူး
အရေပြားပေါ်က ကိစ္စတွေနဲ့ပဲ ဗျာများနေတော့
အရေပြားအောက်ကို ရောက်အောင်မသွားမိဘူး
ပျက်ကျသွားတဲ့ကလေးတွေကို
နာမည်ပေးဖို့ကြိုးစားမိတာ ငါ့အမှားပါ။
ဖျော်သောက်မိတဲ့အချိန်တွေကလည်း
မချိုမြိန်ဘူး
ကျိန်စာတစ်ခုလို
လွင့်လာတဲ့ဘ၀တစ်ခုထဲမှာ
အရသာတစ်ခုခုပါလေမလား
ဒါလည်း မသေချာပြန်ဘူး
တစ်ယောက်က
မီးပြတိုက်ပေါ်က ခုန်ချမလို့တဲ့
တစ်ယောက်က
ပင်လယ်ကူးသင်္ဘောပေါ်မှာ တွင်းတူးပြီးမိုက်မလို့တဲ့
တစ်ယောက်က
မိန်းမတစ်ယောက်ကို ခရီးဦးကြိုလုပ်မလို့တဲ့
ခြေထောက်ကျိုးသွားလို့ အသတ်ခံရတော့မယ့်
မြင်းတစ်ကောင်ရဲ့ မျက်လုံးမျိုးနဲ့ ငါ့ကိုမကြည့်ပါနဲ့ကွာ
ဆံပင်တွေမီးလောင်တာကို
တံတွေးထွေးပြီး ငြိမ်းလို့မရပါဘူး
ခုတော့ စာအုပ်စင်ပေါ်မှာ ငြိမ်ကုပ်နေတဲ့
စာအုပ်တစ်အုပ်ဟာ ငါ။
ဧပြီ ၂၀၀၆
Beauty Max
Labels:
poem
Thursday, April 22, 2010
မအောင်မြင်သေးတဲ့ ဘောလုံးသမားတစ်ယောက်အကြောင်း
ကြည်မောင်သန်း
ဒါဟာ ဘောလုံးကွင်းပါ
မြင်းစီးပြီး ၀င်ခွင့်မရှိ
ရဟတ်ယာဉ်များဆင်းခွင့်မရှိ
ခြေထောက်အချင်းချင်း
ရင်းရင်းနှီးနှီး ဆက်ဆံကြပါစေ
လူ့ပြည်လူ့ရွာဆိုတာ
အနုပညာလည်း လိုအပ်
အဖျော်ယမကာလည်း လိုအပ်
မြင့်မြတ်ချင်သပဆိုရင်
အားကစားစိတ်ဓာတ်လည်း လိုအပ်သပေါ့
ဒိုင်လူကြီးမရှိတဲ့ကွင်းမှာ
ပင်ပန်းဆင်းရဲစွာ ကစားခဲ့တာ
မိုက်မဲမှုပဲလား
ဟောဒီဘောလုံးပွဲမှာ
ရှေ့တန်းက မကစားရလည်း
ရတဲ့နေရာက ဂိုးအောင်ကန်ခဲ့တယ်
ဒိုင်ညစ်ရင် ပွဲကြမ်းတတ်တယ်
ပြေးရင်းလွှားရင်း
လူကျွံသွားတာမျိုးလည်း ဖြစ်တတ်တာပေါ့
ကျွန်တော့်ကို ဖိစီးမဆုံးဖြစ်နေတာက
အချိန်ပိုဆိုတဲ့ စကားလုံး
အဲဒါကို ကျွန်တော်မုန်းတယ်
ဘယ်တော့များမှလည်း
ကျွန်တော့်ဘ၀ရဲ့ ရွှေတံဆိပ်များရယ်
ပြိုင်ပွဲရဲ့အဆုံးမှာ
အရှုံးအနိုင်ဆိုတာ ရှိကြစမြဲပါ
သမိုင်းရဲ့ ကန်ချက်မှာ
တိုင်ထိပြီးပြန်ထွက်လာတာ ဘယ်တော့မှ မရှိဘူး
ကမ္ဘာဖလားနဲ့ လွဲခဲ့တာပါ
ကမ္ဘာကြီးနဲ့ လွဲခဲ့တာ မဟုတ်ပါဘူး
မေ ၂၀၀၆
သောင်းပြောင်းထွေလာ
ဒါဟာ ဘောလုံးကွင်းပါ
မြင်းစီးပြီး ၀င်ခွင့်မရှိ
ရဟတ်ယာဉ်များဆင်းခွင့်မရှိ
ခြေထောက်အချင်းချင်း
ရင်းရင်းနှီးနှီး ဆက်ဆံကြပါစေ
လူ့ပြည်လူ့ရွာဆိုတာ
အနုပညာလည်း လိုအပ်
အဖျော်ယမကာလည်း လိုအပ်
မြင့်မြတ်ချင်သပဆိုရင်
အားကစားစိတ်ဓာတ်လည်း လိုအပ်သပေါ့
ဒိုင်လူကြီးမရှိတဲ့ကွင်းမှာ
ပင်ပန်းဆင်းရဲစွာ ကစားခဲ့တာ
မိုက်မဲမှုပဲလား
ဟောဒီဘောလုံးပွဲမှာ
ရှေ့တန်းက မကစားရလည်း
ရတဲ့နေရာက ဂိုးအောင်ကန်ခဲ့တယ်
ဒိုင်ညစ်ရင် ပွဲကြမ်းတတ်တယ်
ပြေးရင်းလွှားရင်း
လူကျွံသွားတာမျိုးလည်း ဖြစ်တတ်တာပေါ့
ကျွန်တော့်ကို ဖိစီးမဆုံးဖြစ်နေတာက
အချိန်ပိုဆိုတဲ့ စကားလုံး
အဲဒါကို ကျွန်တော်မုန်းတယ်
ဘယ်တော့များမှလည်း
ကျွန်တော့်ဘ၀ရဲ့ ရွှေတံဆိပ်များရယ်
ပြိုင်ပွဲရဲ့အဆုံးမှာ
အရှုံးအနိုင်ဆိုတာ ရှိကြစမြဲပါ
သမိုင်းရဲ့ ကန်ချက်မှာ
တိုင်ထိပြီးပြန်ထွက်လာတာ ဘယ်တော့မှ မရှိဘူး
ကမ္ဘာဖလားနဲ့ လွဲခဲ့တာပါ
ကမ္ဘာကြီးနဲ့ လွဲခဲ့တာ မဟုတ်ပါဘူး
မေ ၂၀၀၆
သောင်းပြောင်းထွေလာ
Labels:
poem
Wednesday, April 14, 2010
အိမ်ထောင်ရေး အစီရင်ခံစာ
ကြည်မောင်သန်း
မင်းရဲ့ သမ္မာကျမ်းစာက ‘လေရူးသုန်သုန်’
ငါ့ရဲ့ ပြဋ္ဌာန်းစာအုပ်က ‘ပါရီကျဆုံးခန်း’
မင်းက ဘုရားပန်း မှန်မှန်လဲချင်တယ်
ငါက သတင်းစာ မှန်မှန်ဖတ်ချင်တယ်
မင်းက ဘုရားစင်ကို အလေးထားတယ်
ငါက စာအုပ်စင်ကို ဂရုစိုက်တယ်
နှစ်နှစ်ခြိုက်ခြိုက်
တစ်ယောက်ဘ၀ထဲတစ်ယောက် စိုက်ဝင်ခဲ့
မင်း တွင်းထဲအောင်းပြီး
မင်းခေါင်းစဉ်ကို ငါမေ့လျော့
ငါ့အနာကို ကြည့်ပြီး
ငါ့ မာတိကာကို မင်း နားမလည်
ဒါပေမယ့် တစ်ယောက်အာရုံမှာ
တစ်ယောက် အမြစ်တွယ်ပြီးသား
ခေါ်မကြား အော်မကြား
တစ်ခါတစ်ခါ ငါ စဉ်းစားမိတယ်
လူညံ့တွေလို ငါတို့ မှားခဲ့ပြီလား
ဒဿမနောက်က ကိန်းဂဏန်းတွေလို နောင်တမျိုးနဲ့
ငါ ဟားတိုက်ရယ်မောပစ်လိုက်တယ်
ငါ သောက်ခဲ့တဲ့ ဆေးပေါ့လိပ်တွေက
မင်းအတွက် သီးသန့် အိပ်မက်တွေ
မင်းသောက်နေတဲ့ လက်ဖက်ရည်က
အရည်ဖျော်ထားတဲ့ ငါ့အတ္တ
တစ်နေ့ပြီး တစ်နေ့
ဘယ်ကရောက်လာမှန်း မသိတဲ့ နေ့တွေက
တို့နှစ်ယောက်ကို မမြင်ချင်ယောင်ဆောင်တယ်
တို့နှစ်ယောက်ကလည်း
ကိုယ်ပိုင်ကြမ်းပြင်ပေါ်မှာ လက်မထောင်ပြီးသား
အလင်းရောင် လုံလုံလောက်လောက်မရတာက လွဲရင်ပေါ့
ငါ့ကိုယ်စောင့်နတ်ရဲ့ ၀တ်စုံ မင်းကို ပေးလိုက်ပြီ
မင်းဘ၀ရဲ့ ဥယျာဉ်ထဲမှာ
လိပ်ပြာတစ်ကောင်လို ငါ ကျင်လည်နေမိရဲ့
ပတ်ဝန်းကျင်ဆိုတာ
ငါတို့ကျော်ဖတ်တဲ့ စာမျက်နှာတွေ
နောက်နေ့တွေကတော့ မမြင်ရတဲ့ငါးကို မျှားရသလိုပဲ
ဘာပဲဖြစ်ဖြစ်
ဒီဘ၀မှာတော့ မင်းနဲ့ငါ အမှုတွဲတွေ..။
အောက်တိုဘာ ၂၀၀၆
ဖက်ရှင်
မင်းရဲ့ သမ္မာကျမ်းစာက ‘လေရူးသုန်သုန်’
ငါ့ရဲ့ ပြဋ္ဌာန်းစာအုပ်က ‘ပါရီကျဆုံးခန်း’
မင်းက ဘုရားပန်း မှန်မှန်လဲချင်တယ်
ငါက သတင်းစာ မှန်မှန်ဖတ်ချင်တယ်
မင်းက ဘုရားစင်ကို အလေးထားတယ်
ငါက စာအုပ်စင်ကို ဂရုစိုက်တယ်
နှစ်နှစ်ခြိုက်ခြိုက်
တစ်ယောက်ဘ၀ထဲတစ်ယောက် စိုက်ဝင်ခဲ့
မင်း တွင်းထဲအောင်းပြီး
မင်းခေါင်းစဉ်ကို ငါမေ့လျော့
ငါ့အနာကို ကြည့်ပြီး
ငါ့ မာတိကာကို မင်း နားမလည်
ဒါပေမယ့် တစ်ယောက်အာရုံမှာ
တစ်ယောက် အမြစ်တွယ်ပြီးသား
ခေါ်မကြား အော်မကြား
တစ်ခါတစ်ခါ ငါ စဉ်းစားမိတယ်
လူညံ့တွေလို ငါတို့ မှားခဲ့ပြီလား
ဒဿမနောက်က ကိန်းဂဏန်းတွေလို နောင်တမျိုးနဲ့
ငါ ဟားတိုက်ရယ်မောပစ်လိုက်တယ်
ငါ သောက်ခဲ့တဲ့ ဆေးပေါ့လိပ်တွေက
မင်းအတွက် သီးသန့် အိပ်မက်တွေ
မင်းသောက်နေတဲ့ လက်ဖက်ရည်က
အရည်ဖျော်ထားတဲ့ ငါ့အတ္တ
တစ်နေ့ပြီး တစ်နေ့
ဘယ်ကရောက်လာမှန်း မသိတဲ့ နေ့တွေက
တို့နှစ်ယောက်ကို မမြင်ချင်ယောင်ဆောင်တယ်
တို့နှစ်ယောက်ကလည်း
ကိုယ်ပိုင်ကြမ်းပြင်ပေါ်မှာ လက်မထောင်ပြီးသား
အလင်းရောင် လုံလုံလောက်လောက်မရတာက လွဲရင်ပေါ့
ငါ့ကိုယ်စောင့်နတ်ရဲ့ ၀တ်စုံ မင်းကို ပေးလိုက်ပြီ
မင်းဘ၀ရဲ့ ဥယျာဉ်ထဲမှာ
လိပ်ပြာတစ်ကောင်လို ငါ ကျင်လည်နေမိရဲ့
ပတ်ဝန်းကျင်ဆိုတာ
ငါတို့ကျော်ဖတ်တဲ့ စာမျက်နှာတွေ
နောက်နေ့တွေကတော့ မမြင်ရတဲ့ငါးကို မျှားရသလိုပဲ
ဘာပဲဖြစ်ဖြစ်
ဒီဘ၀မှာတော့ မင်းနဲ့ငါ အမှုတွဲတွေ..။
အောက်တိုဘာ ၂၀၀၆
ဖက်ရှင်
Labels:
poem
Subscribe to:
Comments (Atom)
