Monday, February 16, 2009
ကိုယ်တို့ရဲ့သားလေး
Ultra Sound ရိုက်ထားတဲ့ သားလေးရဲ့ပုံလေးတွေ။ Scanner မရှိသေးလို့ ဓာတ်ပုံရိုက်ပြီးပဲ တင်လိုက်ရတယ်။ ဒါကြောင့် ပုံလေးတွေက နည်းနည်းဝါးနေသလားမသိ။ ဘယ်လိုပဲဖြစ်ဖြစ် သားလေးက တစတစ ပုံမှန် ဖွံ့ထွားနေလေရဲ့။ ဟိုတရက်က ရန်ကုန်အိမ်နဲ့ဖုန်းပြောတုန်း ကိုယ့်ရဲ့ တဦးတည်းသော ၉ နှစ်အရွယ် တူမလေးကို နောက်မိတယ်၊ “ဦးငယ်သားလေးက ဦးငယ်နဲ့ သိပ်တူတာပဲ၊ ဦးငယ်လိုပဲ အရပ်ရှည်ရှည်နဲ့ ချောချောလေးလို့ ပြောတော့ တူမလေးက အံမယ် မွေးတောင် မမွေးရသေးဘဲနဲ့ ကြွားနေလိုက်တာ” လို့ ပြန်ပက်လေရဲ့။ ပြီးတော့ သူ့ကိုအချစ်လျော့မှာ စိုးလို့ထင်ပါရဲ့၊ ငိုချင်ချင်တောင်ဖြစ်သွားတယ်လို့လည်း ပြောသေးတယ်။ တတ်လည်းတတ်တဲ့ တူမလေး။ အဲဒါနဲ့ပဲ ဦးငယ်က သမီးရှိပြီးသားမို့လို့ သားလေးပဲ လိုချင်တာ၊ သမီးက နံပါတ်တစ်ပါပဲလို့ သူကျေနပ်အောင် ပြန်ချော့လိုက်ရတယ်။ အဲဒီတော့မှ သူကလည်း သမီးကလည်း ဦးငယ်ကိုပဲ အချစ်ဆုံးပါတဲ့။ အင်း သူ့ဘကြီးများကြားရင်တော့ မနာလိုဖြစ်ဦးမှာပဲ။း)
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment