Wednesday, December 31, 2008

ဇနီးသည်မွေးနေ့ အမှတ်တရပွဲလေး







ဒီဇင်ဘာ ၂၇ ရက်နေ့က ဇနီးသည်ရဲ့ ၃၂ နှစ်မြောက်မွေးနေ့ အမှတ်တရပွဲလေးတခု ကိုယ်တို့ရဲ့ Home Sweet Home မှာ ကျင်းပခဲ့တယ်။ ဒီကိုရောက်နေတဲ့ ခင်မင်ရတဲ့ သူငယ်ချင်းအပေါင်းအသင်းတစု၊ ဇနီးသည်ရဲ့ လုပ်ဖော်ကိုင်ဘက်တချို့နဲ့ စည်စည်ကားကား ကျင်းပခဲ့တယ်။ ကိုယ် စင်ကာပူကိုရောက်ပြီးမှ ဒုတိယအကြိမ်လုပ်ဖြစ်တဲ့ ပွဲလေးပေါ့။
ပထမတကြိမ်တုန်းကတော့ ကိုယ်ရောက်ပြီး သိပ်မကြာခင် ဒီက သူငယ်ချင်းတွေနဲ့ ပြန်ဆုံတဲ့အထိမ်းအမှတ် လုပ်ဖြစ်တာ။ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားလို့ အတော်လေး ပီတိဖြစ်ခဲ့ရတယ်။ နောက်များမှာလည်း အဲဒီလိုပဲ ထပ်လုပ်နိုင်ဖို့ မျှော်လင့်မိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်မြေ ကိုယ့်ရေ၊ ကိုယ့်မိသားစုတွေနဲ့ ဝေးနေတဲ့အချိန်မှာ ပျော်ရွှင်စရာဆိုတာ ဒီလိုပဲ ရှာကြံပြီး နေထိုင်နေရတာပါပဲ။

No comments:

Post a Comment